| |



မိုးငေး

တချို့တစ်လေက
မိုးရွာချိန်မှာ
မိုးရေထဲက ကောင်းကင်ကို
မော့ကြည့်တယ်
တချို့ကတော့
မိုးရွာချိန်မှာ
မိုးရိပ်ထဲက ကောင်းကင်ကို
မော့ကြည့်တယ်

ငါ...တချိန်တုန်းက
မိုးရွာချိန်မှာ
လောကဓံ ကိုမြင်ဖူးတယ်
မိုးရွာထဲမှာလား
မိုးရိပ်ထဲမှာလား
.............................
မိုးပေါက်တွေကြားမှာလား
မိုးခိုရာနေရာမှာလား
...လောကဓံက ပြုံးလို့...
ငါ.......တချိန်တုန်းက
.....မိုး နဲ့...ပြုံးလို့.......

မှောင်ခဲ့တယ်....မဲခဲ့တယ်
မိုးစက်တွေနဲ့
တချို့လူတွေက ..မုန်ယိုခဲ့တယ်
ငါကတော့....မိုးငေး

တချိန်က...ငါ့ကိုငါ..
ရွာကျခဲ့ဖူးတယ်..
..........မိုးငေး..........။ ။




မင်းမင်း

1 comments:

Blog do Diogão said...

AMIGOS, ESTOU PASSEANDO POR AQUI. RECEBAM ABRAÇOS DO BRASIL. http://novajerusalemdecristo.blogspot.com.br/